![]()
Online MMORPG ဂိမ်းများကို အရူးအမူး နှစ်သက်စွာကစားကြသော တကယ့် Gamer များကို
ကျွန်တော်တို့  Unity Online Game ရဲ့ World of Warcraft Game Server ( Wrath of The Lich King Expension ) အား
အောက်တိုဘာလ ၁ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
ကျွန်တော်တို့ ဆာဗာမှာ Neverland ( Normal Blizzard Like ) နဲ့  Rampage ( PVP Extreme ) ဆိုပြီး Realm 2 ခု ထားရှိမှာ ဖြစ်ပါတယ်…
Neverland Realm မှာ Level 80 ထိ ကိုယ်တိုင် ကစားရမှာဖြစ်ပြီး ကစားရာမှာ အဆင်ပြေစေဖို့ အတွက်
1-80 item ( Heirloom ) များကို Unity ရဲ့  Developer Team မှ ရေးဆွဲထားတဲ့ Custom Quest များနဲ့ 
Reward ပေးအပ်သွားမှာဖြစ်ပါတယ်.. 1-80 ပစ္စည်းများရရှိတဲ့အတွက် Quest လုပ်ရာမှာ ပိုမိုလွယ်ကူပြီး
Level တက်နှုန်းမြန်ဆန်ကာ Battle များတွင် item ကွာဟမှု အနည်းဆုံးနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
Neverland Realm တွင် ပုံမှန်ကစားပုံမှ မတူညီဘဲ အဆင့်အလိုက်ယှဉ်ပြိုင်လို့ရမဲ့
ဂိမ်းအတွင်းပျော်ရွှင်ဖွယ်ရာပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး Reward များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Neverland Realm တွင် level 80 မပေးရခြင်းမှာ ကစားသမားများအကြား သာတူညီမျှရှိစေရန်နှင့်
ဂိမ်းအရသာကို အပြည့်အဝနီးပါးခံစားရရှိနိုင်ရန် ရည်ရွယ်ထားပါသည်။
ထိုအတွက် Realm First Achievement များကို ရယူနိုင်မှာ ဖြစ်ပြီး Reward များကိုလည်း ထိုက်ထိုက်တန်တန် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Rampage Realm မှာ Furious ဝတ်စုံပြည့်နှင့် level 80 Characters ကို ရရှိမှာဖြစ်ပါတယ်။
နောက်ပြီး ဂိမ်းအတွင်း Battle များ၊ တစ်မူထူးခြားဆန်းသစ်ထားတဲ့ PvP Events များ၊Outdoor Battle များကို ကြိုးစားထည့်သွင်းထားပါတယ်။
Rampage ဟာ Battle Realm ဖြစ်တဲ့အလျှောက် Battle များမှ ရရှိမဲ့ Honor Point များကို Unity Token များနှင့် လဲလှယ်နိုင်ပြီး
ထို Token များနှင့် အဆင့်မြင့် Item များကို ရရှိနိုင်ပါတယ်။
Rampage Realm ကို မနက် 9 နာရီမှ ညနေ 3 နာရီ ၊ ည 9 နာရီမှ မနက် ၃ နာရီ ထိ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်
Server ကြောင့်မဟုတ်ပဲ Realm ၂ ခု Population Balance ဖြစ်စေဖို့ အတွက် အတွက် ဖြစ်ပါတယ်။
Rampage Realm ၏ အဓိကရည်ရွယ်ချက်မှာ Unity Online Game မှ သတ်မှတ်ထားသောအဆင့်သို့ ရောက်ရှိလာသော ကစားသမားများဖြင့် ပြင်ပပြိုင်ပွဲများပြုလုပ်ပေးရန် ဖြစ်ပါတယ်။